၁၉.၃.၂၀၂၅ ရက်ယနေ့၊ ၀၉ နာရီ၅၃မိနစ် အချိန်၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မဟာသုခလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗဟသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ ၁၂မိနစ် အချိန် တွင် မီးငြိမ်းနိုင်ခဲ့ပါတယ်။



