back

ပြည်တွင်းတွင် နေ့အပူချိန်များမြင့်တက်လာ၍ ‘အပူဒဏ်အန္တရာယ်’ ‘ခရမ်းလွန်ရောင်ခြည်အန္တရာယ် ’သတိပေးချက်များထုတ်ပြန်လာ

Mar 19 • 3:50 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းတွင် နေ့အပူချိန်များမြင့်တက်လာ၍ ‘အပူဒဏ်အန္တရာယ်’ ‘ခရမ်းလွန်ရောင်ခြည်အန္တရာယ် ’သတိပေးချက်များထုတ်ပြန်လာ

၂၀၂၅ခုနှစ်၊မတ်လလယ်မှာနွေရာသီကာလရာသီဥတုပူပြင်းလာလို့ ‘အပူဒဏ်အန္တရာယ်သတိပေး ချက်’နဲ့ ‘ခရမ်းလွန်ရောင်ခြည်အန္တရာယ်’သတိပေးချက်တွေကိုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လို...

၂၀၂၅ခုနှစ်၊မတ်လလယ်မှာနွေရာသီကာလရာသီဥတုပူပြင်းလာလို့ ‘အပူဒဏ်အန္တရာယ်သတိပေး ချက်’နဲ့ ‘ခရမ်းလွန်ရောင်ခြည်အန္တရာယ်’သတိပေးချက်တွေကိုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ဖို့ လိုက်နာရမယ့်အချက်၊ရှောင်ကြဉ်ရမယ့်အချက်တွေနဲ့

အပူဒဏ်ကိုအထူးသတိထားရမယ့်သူတွေကတော့ ဘိုးဘွားသက်ကြီးရွယ်အိုတွေ၊ကလေးတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊နာတာရှည်ရောဂါရှိသူတွေ၊သွေးတိုး၊စိတ်ကျန်းမာရေးချို့ယွင်းသူတွေ၊ကာယလုပ်သားတွေ၊ အားကစားသမားတွေ၊ဝလွန်းသူတွေ၊အရက်စွဲသူတွေ၊မူးယစ်ဆေးစွဲသူတွေအထူးသတိထားဖို့လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အပူဒဏ်အန္တရာယ်နဲ့ ခရမ်းလွန်အန္တရာယ်မဖြစ်အောင် နံနက်(၁၀)နာရီမှ(၄)နာရီအတွင်း နေရောင်နဲ့တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်တာ၊ပူပြင်းတဲ့နေရောင်အောက်မှာ အလုပ်လုပ်တာ၊ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာတို့ကို တတ်နိုင်သလောက် ရှောင်ကြဉ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားပါတယ်။



news-view-count-icon

14