မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား ၁၆၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးနှင့် ဂျပန်နိုင်ငံသား ၁ ဦး စုစုပေါင်း ၁၈၉ ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ မတ် ၁၈ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၈ ရက်အထိ တရားမဝင်ဝင်ရောက်လာသူ ၇၁၀၇ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၄၁၉၁ ဦးကို လွှဲပြောင်းပေးအပ်ခဲ့ကာ ၂၉၁၆ ဦးကို ဆက်လက်လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားသည်။ ထို့အပြင် မြဝတီမြို့ KK Park နယ်မြေသို့ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၈၀ နှင့် အီသီယိုးပီးယားနိုင်ငံသား ၆၂ ဦးကိုလည်း ထပ်မံဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။



