back

နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနတွင် နီပေါနဲ့မြန်မာနှစ်နိုင်ငံပူးပေါင်းကျန်းမာရေး ဆွေးနွေးခဲ့

Mar 19 • 2:29 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနတွင် နီပေါနဲ့မြန်မာနှစ်နိုင်ငံပူးပေါင်းကျန်းမာရေး ဆွေးနွေးခဲ့

မြန်မာ့ကျန်းမာရေးဝန်ကြီးဌာန မှ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား မတ်လ ၁၈ရက်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ...

မြန်မာ့ကျန်းမာရေးဝန်ကြီးဌာန မှ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား မတ်လ ၁၈ရက်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ၍တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ အီလက်ထရောနစ် ကျန်းမာရေးသတင်းအချက်အလက်စနစ်၊ အီလက်ထရောနစ်ဆေးမှတ်တမ်းစနစ်၊ အီလက်ထရောနစ် ပြည်သူ့ကျန်းမာရေးသတင်းအချက်အလက်စနစ်နှင့် အီလက်ထရောနစ်ဆေးနှင့် ဆေးပစ္စည်းစီမံခန့်ခွဲမှုစနစ် အစရှိသည်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာ-နီပေါ နှစ်နိုင်ငံကျန်းမာရေးပညာရှင်များ၊ အထူးကုဆရာဝန်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြပါတယ်။



news-view-count-icon

24