back

ရှမ်းပြည်နယ်ရှိ လားရှိုးမှာ ပြည့်တန်ဆာ လုပ်ငန်း တရားဝင် ဖွင့်ခွင့်ပြုထား

Mar 18 • 8:39 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်ရှိ လားရှိုးမှာ ပြည့်တန်ဆာ လုပ်ငန်း တရားဝင် ဖွင့်ခွင့်ပြုထား

ရှမ်းပြည်နယ်၊လားရှိုးမှာ ပြည့်တန်ဆာ လုပ်ငန်း တရားဝင် ဖွင့်ခွင့်ပြုထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ လားရှိုးမှာ ပြည့်တန်ဆာ ဆိုင်တွေဝောာင် လမ်းညွှန်ဆိုင်းဘုတ်တွေန...

ရှမ်းပြည်နယ်၊လားရှိုးမှာ ပြည့်တန်ဆာ လုပ်ငန်း တရားဝင် ဖွင့်ခွင့်ပြုထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ လားရှိုးမှာ ပြည့်တန်ဆာ ဆိုင်တွေဝောာင် လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ ပေါပေါ်တင်တင် ခွင့်ပြုနေပြီ ဖြစ်ကာ သီးသန့်နေရာ လုပ်ပေးတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံလို နေရာ သီးသန့် လုပ်တယ် သိရတယ်ဗျ"လို့ လားရှိုး ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းတွေ များမများ မသိရပေမယ့် တရားဝင် ခွင့်ပြု ထားတဲ့ ဆေးတွေ အမြဲ စစ်ဆေး တာမျိုး လုပ်တယ်လို့ သူက ပြောပါတယ်။ ဒေသခံ အမျိုးသား တစ်ယောက်တော့ လမ်းပေါ်မှာ ပြည့်တန်ဆာမတွေကိုယ်တိုင် ဖုန်း နံပါတ် ကတ်တွေ လိုက်လံ ဖြန့်ဝေနေတာ တွေ့ရတာကြောင့် လူငယ်တွေ အလွယ်တကူ ပျက်စီး ဖို့ တွန်းအားပေးသလို ဖြစ်တာကြောင့် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။နယ်စပ်မြို့ တွေမှာတော့ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် ခွင့်ပြုထားတာမျိုး မရှိပေမယ့် နယ်စပ် မြို့တိုင်း ပြည့်တန်ဆာ လုပ်ငန်းတွေ အများအပြား တွေ့ရတယ်လို့ နယ်စပ် ဒေသခံတွေက ပြောပါတယ်။


news-view-count-icon

43