မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အတွင်း နေကြာ (ဆောင်း) သီးနှံ ကို ၁၀,၂၇၄ ဧက ဖြင့် စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီနှင့် မတ်လများတွင် ရိတ်သိမ်း လျှက်ရှိသည်။ ဆင်းရွှေကြာ-၁ မျိုးကို ကြဲပက်စနစ် ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် ၂၀-၂၅ တင်း ထွက်ရှိနိုင်သည်။တောင်သူများသည် ကျောက်ဆည်မြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထို့နောက် မန္တလေးနှင့် ရန်ကုန်မြို့များသို့ ဖြန့်ဖြူးရောင်းချကြသည်။ နေကြာသီးနှံသည် သက်တမ်းတိုပြီး စိုက်ထုတ်ကုန်စရိတ် သက်သာကာ မိသားစုများအတွက် စားသုံးဆီ ဖူလုံနိုင်မှု နှင့်အတူ စီးပွားရေးအကျိုးအမြတ် ရရှိစေနိုင်ကြောင်း တောင်သူများထံမှ သိရသည်။



