၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာစစ်ဌာနများ၌ မတ် ၁၇ ရက်မှစတင် ဖြေဆိုခဲ့ကြသည်။ အမှတ် (၆) အထက်တန်းကျောင်း၊ အထက (၅)၊ အထက (၆)၊ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း နှင့် အလွတ်ဖြေစာစစ်ဌာန တို့တွင် စုစုပေါင်း ၉၉၉ ဦး ဖြေဆိုခဲ့ကြသည်။စာစစ်ဌာနများတွင် STEAMS-1, STEAMS-2, STAMS-1 ဟု ခွဲခြားထားပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီနှင့် သမိုင်း ဘာသာရပ်များဖြင့် စာမေးပွဲများကျင်းပခဲ့သည်။ စာဖြေခန်း ၁၃ ခန်း ကို စီစဉ်ထားပြီး ကျန်းမာရေးစောင့်ရှောက်ခန်းနှင့် အရံအခန်းများ ကိုပါ စီမံထားကြောင်း သိရသည်။စာမေးပွဲအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်ပေးထားကြသည်။ စာမေးပွဲဖြေဆိုသူများသည် စည်းကမ်းပြည့်ဝစွာ ဖြေဆိုနေကြကြောင်းနှင့် ပထမနေ့ဖြေဆိုသည့် မြန်မာစာကို ချောမွေ့စွာ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။



