back

MNL II Promotion Amateur Club Tournament 2025ကိုYRFA FC အသင်းပထမပွဲမှာ ဂိုးဒါဇင်ဝတ်နဲ့ အနိုင်ရခဲ့

Mar 18 • 2:52 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

MNL II Promotion Amateur Club Tournament 2025ကိုYRFA FC အသင်းပထမပွဲမှာ ဂိုးဒါဇင်ဝတ်နဲ့ အနိုင်ရခဲ့

MNL II Promotion Amateur Club Tournament 2025 ဘောလုံးပြိုင်ပွဲ အုပ်စု (B) အုပ်စု ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၁၇ ရက်နေ့နံနက်(၈:၃၀) ဗဟန်းမြက်ခင်းတုကွင်းတွင် မြဧရာအသင်းန...

MNL II Promotion Amateur Club Tournament 2025 ဘောလုံးပြိုင်ပွဲ အုပ်စု (B) အုပ်စု ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၁၇ ရက်နေ့နံနက်(၈:၃၀) ဗဟန်းမြက်ခင်းတုကွင်းတွင် မြဧရာအသင်းနှင့် YRFA အသင်းတို့ ကစားခဲ့ကြပြီး YRFA အသင်းက (၀-၆) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲ နှင့် အမျိုးသားအားကစားပြိုင်ပွဲမှ လူငယ်တွေစုစည်းပြီး ပြင်ဆင်မှုတွေ ပြုလုပ်တဲ့ YRFA FC ဟာ ပွဲစကတည်းက တိုက်စစ်ဆင်ကစားနိုင်ပြီး အဖက်ဖက်မှာ အားသာနေတာကို တွေ့ရပါတယ်။ မိနစ် ၁၉ မှာ ဇော်လင်းဦးမှ အဖွင့်ဂိုးသွင်းပြီး မိနစ် ၃၄(pen)၊ မိနစ် ၅၈၊ စသဖြင့် ဟတ်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တယ်။ ပြီးတော့ စိုင်းရာဇာကျော်၊ နေလင်းသန့်၊ မျိုးဆက်အောင်တို့က တစ်ဦးစီသွင်းယူခဲ့ပါတယ်။ဒီပွဲမှာ မြောင်းမြခရိုင်အခြေစိုက် မြဧရာအသင်းက ကြိုးစားအားထုတ်သော်လည်း ရန်ကုန်တိုင်း‌ဒေသကြီး ကိုယ်စားပြု YRFA FC အတွတ် အခက်အခဲမရှိပဲ အကောင်းဆုံးကစားနိုင်ကာ ဂိုးဒါဇင်ဝတ်နဲ့အတူ အဖွင့်လှခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့ မနက် ၈:၃၀ နာရီမှာ 10/MON FC နဲ့ ဒုတိယပွဲ ကစားမှာ ဖြစ်ပါတယ်။



news-view-count-icon

35