ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း)မြို့နယ် သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင်နေထိုင်ခွင့် မက်လုံးပေးပြီး ငွေတောင်းခံ လိမ်လည်သူများကို သတိပြုရန် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။အဆိုပါ အိမ်ရာ၌ နေရေးအခက်အခဲ ရှိသူများကို (၅) နှစ် ငှားရမ်းနေထိုင်ခွင့် ပြုထားခြင်းဖြစ်ကာ မက်လုံးပေးပြီး ငွေတောင်းခံ လိမ်လည်သူများရှိနေ၍သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင်ငှားရမ်း နေထိုင်ခွင့်ရရှိသူ အချို့မှလည်း ကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲ တစ်ဆင့် ငှားရမ်းခြင်း လွှဲပြောင်းခြင်းများရှိပါက အိမ်ခန်းငှားရမ်းခွင့်ကို ရုပ်သိမ်းပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။မကြာမီ ထပ်မံပြီးစီးမည့် တိုက်(၅) လုံးကိုလည်း မဲနှိုက်နေရာချ ထားပေးမည်ဖြစ်ကြောင်းကြိုတင်အသိပေးထားပါတယ်။
ရန်ကုန်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနေထိုင်ခွင့် မက်လုံးပေးပြီး ငွေတောင်းခံ လိမ်လည်သူများအား သတိပြုရန် သတိပေး
Mar 18 • 2:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


