နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို မတ် ၁၇ ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာနဌာနချုပ်၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးဌာန၏ လက်ရှိနှင့် အငြိမ်းစားအရာရှိများ တက်ရောက်ခဲ့သည်။ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားရေးမူဝါဒ၊ သံတမန်ဆက်ဆံရေးနှင့် ဝန်ကြီးဌာန၏ တာဝန်ဝတ္တရားများအကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ထူးချွန်သူများကို ဆုချီးမြှင့်ပြီး ဝန်ထမ်းများအတွက် ကံစမ်းမဲ မဲဖောက်ခြင်းများနှင့်အတူ အခမ်းအနားကို ပျော်ရွှင်စွာ ပြီးမြောက်စေခဲ့သည်။



