မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ ခန့်က ရန်ကုန်မြို့၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ ကွမ်းအပ်မင်းသားကြီးလမ်းမှာလမ်းကြားက ထွက်လာတဲ့ ရေသန့်ဘူးပို့တဲ့ကားက လမ်းကြောင်းတည့်နင်းလာတဲ့ စက်ဘီးကို ဖြတ်တိုက်မိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း (ဘဘကြီး)ကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ရေသန့်ဘူးပို့တဲ့ ကားက သူ့ရှေ့က အံစာတုံးအမျိုးအစားယာဉ်ကို ကျော်တက်ရာက ဝင်တိုက်မိပြီး လမ်းဘေးကပ်နင်းလာတဲ့ စက်ဘီးစီးနင်းသူကိုပါ ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ပါတယ်။
ရန်ကုန်မြို့၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ ကွမ်းအပ်မင်းသားကြီးလမ်းမှာ လမ်းကြားတွင် ရေသန့်ဘူးပို့တဲ့ယာဉ်က လမ်းကြောတည့် စီးနင်းလာတဲ့ စက်ဘီးသမားကို ဝင်တိုက်မိ
Mar 18 • 2:06 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


