back

ပြည်တွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချိန်အတွင်း အရေးပေါ်ယာဉ်များ ဥဩပေးမောင်းနှင်မှာ မဟုတ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များ အသိပေးကြေညာ

Mar 18 • 2:01 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချိန်အတွင်း အရေးပေါ်ယာဉ်များ ဥဩပေးမောင်းနှင်မှာ မဟုတ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များ အသိပေးကြေညာ

၂၀၂၅ခုနှစ်ရဲ့ မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေချိန်အတွင်း မီးလောင်မှုဖြစ်စဉ်နှင့် ယာဉ်တိုက်မှု အရေးပေါ်လူနာပ...

၂၀၂၅ခုနှစ်ရဲ့ မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေချိန်အတွင်း မီးလောင်မှုဖြစ်စဉ်နှင့် ယာဉ်တိုက်မှု အရေးပေါ်လူနာပို့ဆောင်မှုများ ရှိပါက အရေးပေါ်ယာဉ်များကို ဥဩပေးမောင်းနှင်မှာမဟုတ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များထံမှ သိရပါတယ်။အဆိုပါအချိန်အတွင်း အရေးပေါ် မီးသတ်ယာဉ်များနှင့် လူနာတင်ယာဉ်များကို အရေးပေါ်မီးလည် မီးတန်းများဖွင့်၍လည်းကောင်း၊ ရှေ့မီးကြီးများဖွင့်၍ လည်းကောင်း အချက်ပြ မောင်းနှင်သွားမှာဖြစ်တာကြောင့် လမ်းမပေါ်ရှိ ပြည်သူများအနေဖြင့် မိမိတို့ မောင်းနှင်နေတဲ့ ယာဉ်များအား လမ်းဘေးသို့ ကပ်/ချ ပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးကြဖို့ကိုလည်း ၎င်းအဖွဲ့များမှ အသိပေးကြေညာ မေတ္တာရပ်ခံထားပါတယ်။၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင် ၁၀၄ ခရိုင်နှင့် မြို့နယ်ပေါင်း ၂၅၀ က ကျောင်းသား၊ ကျောင်းသူ ၂၂၀,၀၀၀ ကျော် စာရင်းပေးသွင်းထားပြီး မြန်မာတစ်နိုင်ငံလုံး၌ စာစစ်ဌာန ၈၀၀ ကျော် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။


news-view-count-icon

19