၁၈.၃.၂၀၂၅ ရက်ယနေ့၊ မြန်မာစံတော်ချိန်၀၃နာရီ ၃၀မိနစ် အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဝင်းနားလမ်းကြားတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၄နာရီ ၁၀မိနစ် အချိန်တွင် မီးငြိမ်းနိုင်ခဲ့ပါတယ်။



