back

ကားလမ်းကိုဖြတ်သန်းခွင့်ပိတ်ပင်ထားသဖြင့် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုထွက် ရာသီပေါ်သီးနှံများ မြိတ်မြို့သို့ တင်ပို့ခွင်မရသဖြင့် စျေးကျသွား

Mar 17 • 3:11 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ကားလမ်းကိုဖြတ်သန်းခွင့်ပိတ်ပင်ထားသဖြင့် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုထွက် ရာသီပေါ်သီးနှံများ မြိတ်မြို့သို့ တင်ပို့ခွင်မရသဖြင့် စျေးကျသွား

တကူကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၈၀၀ ခန့်မှာ ရာသီပေါ် သီးနှံများဖြစ်သည့် ခရမ်းသီး၊ အစိမ်းစားဥ၊ ပြောင်းဖူးနှင့် ငရုတ်သီး စသည့် ရာသီပေါ်သီးနှံများ စိုက်ပျိုးပြီး မ...

တကူကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၈၀၀ ခန့်မှာ ရာသီပေါ် သီးနှံများဖြစ်သည့် ခရမ်းသီး၊ အစိမ်းစားဥ၊ ပြောင်းဖူးနှင့် ငရုတ်သီး စသည့် ရာသီပေါ်သီးနှံများ စိုက်ပျိုးပြီး မြိတ်မြို့သို့ တင်ပို့ရောင်းချလေ့ရှိကြပြီးမြိတ်မြို့သို့ တင်ပို့ရာတွင် ဖြတ်သန်းရလေ့ရှိသည့် ဇဝဲရွာရှိ လမ်းပိုင်းကိုလက်ရှိအချိန်အထိ ဖြတ်သန်းခွင့်မရသဖြင့် ဒေသထွက်ရာသီပေါ်သီးနှံများ မြိတ်မြို့သို့တင်ပို့ခွင့်မရဘဲ ဈေးကျကာ တောင်သူများ အခက်အခဲကြုံနေရကြောင်းသိရပါသည်။ထိုကဲ့သို့ မြိတ်မြို့သို့ မတင်ပို့နိုင်သည့်အတွက် စိုက်ပျိုးထွက်ရှိလာသည့် ရာသီပေါ် သီးနှံများကို ဒေသတွင်းမှာပင် ရသည့် ဈေးဖြင့် ရောင်းချနေရကြောင်း တောင်သူများက ဆိုသည်။



news-view-count-icon

25