၁၇.၃.၂၀၂၅ ရက်နေ့၊ ၁၈ : ၁၀ အချိန်ခန့်၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ဉတ္တရမြို့နယ်၊ ရုံးအမှတ်(၁၇)၊ ရာထူးဝန်ရုံးရှေ့တွင် တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဉတ္တရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၉ : ၅၅ အချိန် မီးငြိမ်းပါသည်။



