စစ်ကိုင်းတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက် ပညာသင်တန်း(၁/၂၀၂၅) ပထမနေ့ကို ယနေ့ နံနက်ပိုင်းက ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သင်ကြားပို့ချခဲ့သည်။အဆိုပါသင်တန်းသို့ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများ စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ကြပြီး ကလေးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ကလေးတက္ကသိုလ် မှ စာကြည့်တိုက်မှူးများက မတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဆွေးနွေသင်ကြား သွားမည်ဖြစ် ကြောင်း သိရသည်။



