ခေတ်အဆက်ဆက်အသုံးပြုလာတဲ့ မန္တလေးနန်းတွင်းအဝင် ပေါက် ၂၂လမ်း( အမင်္ဂလာတံတား)ကိုပိတ်လိုက်ပြီး ၁၉လမ်း (မင်္ဂလာတံတား)ကနေသာ နန်းတွင်းထဲအဝင်ထွက်လမ်းကို ခွင့်ပြုထားတယ်လို့ မြို့ခံတွေဆီကသိရပါသည်။မန္တလေးမြို့၊လမ်း၈၀၊၁၉လမ်းက မင်္ဂလာတံတားကိုဖွင့်လှစ်ခဲ့ပါနောက် ပုံမှန်အသုံးပြုနေကျ လမ်း၈၀၊၂၂လမ်းကနေ မန္တလေးကျုံးအနောက်ဘက်ကအဝင် ပေါက်လမ်းကိုပိတ်လိုက်ပြီး ၁၉လမ်းကပဲ ဝင်ခွင့်ပြုထားတာလို့ဒေသခံအချို့ကပြောပါသည်။



