back

ဒလတံတားစီမံကိန်း၌ ဆိုင်းကြိုးတပ်ဆင်မှုလုပ်ငန်းများ လုပ်ဆောင်နေ

Mar 17 • 11:40 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဒလတံတားစီမံကိန်း၌ ဆိုင်းကြိုးတပ်ဆင်မှုလုပ်ငန်းများ လုပ်ဆောင်နေ

ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းတွင် လက်ရှိ ရေလယ်ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်သော လုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိကြောင်း ယင်စီမံကိန်းဆ...

ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းတွင် လက်ရှိ ရေလယ်ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်သော လုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိကြောင်း ယင်စီမံကိန်းဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။တံတားစီမံကိန်းကြောင့် မလွတ်ကင်းသော ဒလဘက်အခြမ်းမှ လွတ်လပ်ရေးကျောက်တိုင်ကိုလည်း ဖယ်ရှားခဲ့ပြီး တံတားအဆင်းလမ်းဖြစ်သော ကမာကဆစ်စျေးအနီး မြို့လယ်အဝိုင်းတွင်ရှိသော နှစ်ပေါင်း ၃၀ သက်တမ်းရှိသည့် နာရီစင်ကြီးကိုလည်း သင်္ဘောဆိပ်အနီးအတက်လမ်းတွင် မတ်လ ၁၂ ရက်မှစတင်ကာ နေရာရွှေ့ပြောင်းမှုလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။


news-view-count-icon

17