ဒီကနေ့ မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ စက်မှုပတ်လမ်းဘေးတွင် မြက်ခြောက်မီးလောင်မှု ဖြစ်ပွားရာ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ရွှေပြည်သာနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၄ နာရီ ၃၈ မိနစ်အချိန် မီးငြိမ်းသွားကြောင်း သိရသည်။



