မတ်လ ၁၇ရက်နေ့ ရန်ကုန် - မန္တလေးအမြန်လမ်း၊ ၃၉ မိုင် ယာဉ်ရပ်နားစခန်းရှိ ရွှေပလ္လင်စားသောက်ဆိုင်တွင် အသုံးပြုနေသည့် ဘုရားစေတီပုံပါ တစ်ခါသုံးခွက်များကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့ကြောင်း ဘုရားကြီးမြို့အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ အဆိုပါ ဘုရားစေတီပုံပါ တစ်ခါသုံးခွက်များကို ရွှေပလ္လင်စားသောက်ဆိုင်တွင် အသုံးပြုနေမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ဘုရားကြီးမြို့အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက မတ် ၁၆ ရက် ည ၈ နာရီခန့်တွင် သွားရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။




