မတ် ၁၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာသာသနာ့ သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်၌ အများပြည်သူဖူးမြော်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မိသားစုက လှူဒါန်းထားသော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွားအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပလ္လင်တော်ပင့်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် ပရိဝုဏ်အတွင်း၌ ကျင်းပသည်။



