မတ်လ ၁၇ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့သို့ တင်သွင်းရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မှ သယ်ဆောင်လာသည့် ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ဒသမ ၃ သိန်းကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မတ်လ ၁၀ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ မန္တလေးမှ ဘားအံဘက်သို့ ဝေဖြိုးမောင် (ခ) ကိုဖြိုးမောင်းနှင်ပြီး မမာလာကျော် လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်အား သတင်းအရရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။



