မတ်လ ၁၆ရက် နေ့က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၃၉)မိုင်ယာဥ်ရပ်နားစခန်းဝန်းအတွင်းရှိ ရွှေပလ္လင်စားသောက်ဆိုင်၌ တစ်ခါသုံးကော်ဖီခွက်တွင် ဘုရားစေတီပုံများရိုက်နှိပ်ထားပြီးလက်ဖက်ရည်ထည့်ကာရောင်းချနေကြောင်းသတင်းအရ (၁၉၄၅)နာရီအချိန်တွင် ဘုရားကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိုင်းကြိုင်ကြိုင်တိုး ဦးစီးသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဘုရားကြီးမြို့နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်ကျော်ဆန်းဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ (၃၉)မိုင်စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်ရဲနိုင် ဦးစီးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ရွှေပလ္လင်စားသောက်ဆိုင်အတွင်း၌ တစ်ခါသုံးကော်ဖီခွက်တွင် ဘုရားစေတီပုံများရိုက်နှိပ်ထားသည့်ကော်ဖီခွက်(၂၅)ခွက်အားတွေ့ရှိခဲ့ရာ ဆိုင်မန်နေဂျာ ဦးမျိုးဝင်းမှအပ်ပေးသဖြင့် ဘုရားကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိုင်းကြိုင်ကြိုင်တိုးမှ သိမ်းဆည်းသွားကြောင်းသတင်းရရှိသည်။



