MFF Vita Max Futsal League (I) 2024- 2025 ပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များကို မတ် ၁၆ ရက်က MFF Futsal Stadium တွင်ကျင်းပခဲ့ပြီး ပွဲစဉ်များ အပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ဆုပေးပွဲ အခမ်းအနားတွင် ရှေးဦးစွာ MFF Vita Max Futsal League (I) 2024- 2025 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ခဲ့သော ဒိုင်လူကြီးများကို ပေးအပ်သော အမှတ်တရ ဆုတံဆိပ်များနှင့် ပြိုင်ပွဲတွင် အသန့်ရှင်းဆုံး အသင်းဆု ရရှိသော Generations FC အသင်းကို ပေးအပ်သော အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၅) သိန်းစီ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်က ချီးမြှင့်ခဲ့သည်။ဆက်လက်၍ ပထမဆု ရရှိခဲ့သော MIU FC အသင်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် က တစ်ဦးချင်းဆုများနှင့် ဆုကြေးငွေ ကျပ် သိန်း (၁၅၀) ကိုပေးအပ်ခဲ့သည်။



