သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှမ်း(အရှေ့) ပြည်နယ်၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ တောင် တန်းသာသနာပြု(ဗဟို)ဌာနမှာ (၈)ကြိမ်မြောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဓမ္မစကူးလ်စုံညီပွဲတော်နှင့် အတန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲကို အောင်မြတ်ခန်းမတွင် မတ် ၁၆ ရက်နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်း သား ကျောင်းသူ ၇၀၇ သင်ယူခဲ့ကာ သင်ယူပြီးမြောက်ကြောင်း အောင်လက်မှတ်ပေးအပ် ရာမှာ ယနေ့ ဓမ္မစကူးလ်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၂၆၈ ဦးအား ပေးအပ်ခဲ့တာဖြစ်ပါတယ်။



