back

စစ်ကိုင်းတိုင်းဒေသကြီး၊ကျွန်းလှမြို့နယ်ရှိ ကျေးရွာ (၂) ရွာအား VDP စီမံကိန်းဖြင့် နည်းပညာမြင့်ရေသန့်စက် တပ်ဆင်ခဲ့

Mar 16 • 9:24 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်းတိုင်းဒေသကြီး၊ကျွန်းလှမြို့နယ်ရှိ ကျေးရွာ (၂) ရွာအား VDP စီမံကိန်းဖြင့် နည်းပညာမြင့်ရေသန့်စက် တပ်ဆင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာနှစ်ရွာအား ရေသန့်စက်တ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာနှစ်ရွာအား ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ကျွန်းလှမြို့နယ် စသာကုန်းကျေးရွာနှင့် ဘိုကုန်းကျေးရွာတို့တွင် ရေသန့်စက်တပ်ဆင်ခြင်းကို ကျေးရွာတစ်ရွာလျှင် VDP စီမံကိန်းရန်ပုံငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၂ ဒသမ ၅၅ သန်း၊ စုစုပေါင်းငွေကျပ် ၁၇ ဒသမ ၅၅ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကြီးကြပ်ပြီး ကျေးရွာသူ ရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။အဆိုပါ ရေသန့်စက်တပ်ဆင်ပြီးစီး၍ စသာကုန်းကျေးရွာ အိမ်ခြေ ၁၀၉ အိမ်၊ လူဦးရေ ၅၉၇ ဦးနှင့် ဘိုကုန်းကျေးရွာ အိမ်ခြေ ၁၅၀ အိမ်၊ လူဦးရေ ၉၄၂ ဦးတို့ သန့်ရှင်းသောသောက်သုံးရေ သုံးစွဲနေကြပြီဖြစ်ပါတယ်။



news-view-count-icon

23