Vita Max Futsal League - I 2024- 2025 ရာသီကုန်ပွဲစဉ်ပြီးဆုံးချိန်တွင် MIU FC အသင်းသည် ချန်ပီယံအဆင့်တက်လှမ်းခဲ့ပြီဖြစ်ပါတယ်။ ဒုတိယနေရာတွင် MH Dream Team FC အသင်းနှင့် တတိယနေရာတွင် YRG FC အသင်းက ရပ်တည်နေကြပြီးယနေ့ မတ်လ (၁၆)ရက်မှ စ၍ Week - 18 နောက်ဆုံးပွဲစဉ်များကို ယှဉ်ပြိုင်ကစားနေကြပြီးဖြစ်ကာ Vita Max Futsal League - I ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်မှ ၂၀၂၅ ခုနှစ် မတ်လ (၁၆) ရက်အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပါတယ်။ယခုနှစ် VITA Max Futsal League (I) 2024- 25 ပြိုင်ပွဲ၌ အသင်းပေါင်း (၁၀) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး VITA Max Futsal League (II) 2024- 25 ပြိုင်ပွဲတွင် အသင်းပေါင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။
Mar 16 • 9:20 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


