မတ်လ ၁၁ ရက်နေ့ သန်းခေါင်ယံအချိန်ပဲခူးမြို့၊ စိန်ထွန်းရပ်ကွက်၊ လက်ဝဲသုန္နရလမ်းရှိ နေအိမ်တစ်အိမ်မှာလင်မယားနှစ်ယောက် စကားများရန်ဖြစ်ရာက ယောက်ျားဖြစ်သူက ဓားနဲ့ထိုးကာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဖြစ်ပွားခဲ့ဖြစ်စဉ်မှာ ကျူးလွန်သူက ယနေ့မတ်လ၁၆ရက် မနက်ပိုင်းမှာ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ်။ ဖြစ်စဉ်က မတ်လ ၁၁ ရက်နေ့ ညမှာ လင်မယားနှစ်ယောက် အရက်မူးပြီး စကားများရာက ယောက်ျားဖြစ်သူက ဓားနဲ့ရန်ပြုရာမှာ မလင်းလင်းကျော်ရဲ့ ပေါင်ကိုထိုးမိပြီး အဲ့ဒီပြတ်ရှဒဏ်ရာကနေ သွေးထွက်လွန်ကာ သန်းခေါင်ကျော် ၁၂ ရက်နေ့ မနက်အစောပိုင်းက ဆေးရုံရောက်ရှိပြီး ကုသမှုခံယူစဉ် အရုဏ်တက်ချိန်မှာ ဆုံးပါးခဲ့တာလည်းဖြစ်ပါတယ်။


