back

သရဲဟာသ ရုပ်ရှင်ဇာတ်ကားအတွင်း အကပိုင်း အကောင်းဆုံးသရုပ်ဆောင်ထားသည့် သရုပ်ဆောင်အေမီဈာန်

Mar 16 • 5:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သရဲဟာသ ရုပ်ရှင်ဇာတ်ကားအတွင်း အကပိုင်း အကောင်းဆုံးသရုပ်ဆောင်ထားသည့် သရုပ်ဆောင်အေမီဈာန်

သရုပ်ဆောင် အေမီဈာန်ကသရဲဟာသ ရုပ်ရှင်ဇာတ်ကားဖြစ်သော “အိမ်မြှောင်”ဟု အမည်ရသည့် ရုပ်ရှင်ဇာတ်ကားကြီးအတွင်း အကပိုင်းကို အကောင်းဆုံးသရုပ်ဆောင်ထားခဲ့ပါတယ်။အဆိုပါ ရုပ်ရှ...

သရုပ်ဆောင် အေမီဈာန်ကသရဲဟာသ ရုပ်ရှင်ဇာတ်ကားဖြစ်သော “အိမ်မြှောင်”ဟု အမည်ရသည့် ရုပ်ရှင်ဇာတ်ကားကြီးအတွင်း အကပိုင်းကို အကောင်းဆုံးသရုပ်ဆောင်ထားခဲ့ပါတယ်။အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ မတ်လ ၁၃ ရက်မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသနေပြီဖြစ်ပြီး Weflex Production ၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကို Weflex Production မှ အောင်ဇေယျာကျော် စီစဉ်ကာ ဇာတ်လမ်း၊ ဇာတ် ညွှန်း မို့၊ ရိုက်ကွင်းဇာတ်ညွှန်း ညိုမင်းလွင်၊ ဆူးခက်မင်း တို့ပါဝင်ထားပြီး ဒါရိုက်တာ သားညီမှ ဖန်တီးရိုက်ကူးထားကြောင်း၊ သရုပ်ဆောင်များအဖြစ် ၎င်းအပါအဝင် ကျော်ကျော်ဗိုလ်၊ မေမြင့်မိုရ်၊ ထွန်းပုလဲရတနာ၊ ဂျိုကာ၊ ကေညီ၊ မိုးညို ၊ ကလေးသရုပ်ဆောင် ဧကရီဇော် စသည့် သရုပ်ဆောင်များပါဝင်ထားပြီး ၂၀၂၃ ခုနှစ် မတ်လအတွင်းက ရိုက်ကူးထားခြင်းဖြစ်ပါတယ်။



news-view-count-icon

32