မတ်လ ၁၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ ယာဉ် ၁၈ စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်း သုံးပစ္စည်း ၃၅ မျိုး၊ လူသုံးကုန်ပစ္စည်း ၂၇ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၄,၇၅၂,၂၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck နှစ်စီး၊ စက်မှုဇုန်ထုတ် Pyay Truck နှစ်စီး၊ Hino Truck တစ်စီး၊ Dong Feng Tractor Head လေးစီး၊ Man Tractor Head သုံးစီး၊ Nissan Diesel Tractor Head တစ်စီး၊ Volvo Tractor Head တစ်စီး၊ Dayun Tractor Head တစ်စီး၊ Isuzu Giga Tractor Head တစ်စီး၊ Chenglong Tractor Head တစ်စီး၊ Hyundai Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် ၁၃ တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၅,၀၀၀,၀၀၀) (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁,၆၈၉,၇၅၂,၂၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။


