ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ရွာမရွာတွင် ရေခန်းခြောက်၍ ကုန်းခေါင် ခေါင် ဖြစ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရပါတယ်။၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ရေကြီးရေလျှံမှုများ စံချိန်တင် ဖြစ်ပွားခဲ့သည့် ညောင်ရွှေမြို့နယ် အင်းလေးကန်သည် သုံးလအကြာတွင် မကြုံစဖူး ရေကျဆင်းခဲ့ကာ ၊ ကန်အတွင်းရေဝပ် ဧရိယာ နည်းပါးလာပြီ ဖြစ်ကြောင်း ကြား သိရသလိုအင်းလေးကန် ရွာမရွာဘက်ရေခန်းခြောက်နေသည်မှာ လအတန် ကြာပြီ ဖြစ်သောကြောင့် သွားလာရေး ခက်ခဲခြင်း ၊ စိုက်ပျိုးရေး ခက်ခဲခြင်းများ ကြုံတွေ့ရပြီးယခုနှစ် နွေရာသီ ပူပြင်းသဖြင့် အင်းလေးကန် အတွင်း ရေခန်းခြောက်မှု ပိုမို ဆိုးရွားလာမည်ကို ဒေသခံ များ စိုးရိမ်နေကြပြီး ၊ အင်းလေးကန် အတွင်း ရေကျနှုန်းလည်း ယခင်နှစ်ကာလများထက် ပိုမို မြန်ဆန်လာမှုရှိပါတယ်။
ရှမ်းပြည်နယ်အင်းလေးကန်အတွင်းရေခန်းခြောက်၍ ကုန်းနေရွာလိုဖြစ်လာပြီဖြစ်သည့် အင်းလေးရွာမမှာဒေသခံတွေရေအခက်ကြုံနေ
Mar 16 • 3:53 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 28 | 0 | 0 | 0 |


