back

ရန်ကုန်တိုင်း ငမိုးရိပ်တံတားအနီး သဲကွင်းနေရာတွင် ကလေးတစ်ဦးကစားရာမှ ချောင်းအတွင်းပြုတ်ကျပျောက်ဆုံးနေ

Mar 16 • 2:54 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း ငမိုးရိပ်တံတားအနီး သဲကွင်းနေရာတွင် ကလေးတစ်ဦးကစားရာမှ ချောင်းအတွင်းပြုတ်ကျပျောက်ဆုံးနေ

မတ်လ၁၄ ရက် ညပိုင်းကရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စီမံကိန်း ၂၈ ရပ်ကွက် ငမိုးရိပ်တံတားအနီး သဲကွင်းနေရာတွင် ကလေးတစ်ဦးကစားရာမှ ငမိုးရိပ်ချောင်းအတွင်းပြုတ်...

မတ်လ၁၄ ရက် ညပိုင်းကရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စီမံကိန်း ၂၈ ရပ်ကွက် ငမိုးရိပ်တံတားအနီး သဲကွင်းနေရာတွင် ကလေးတစ်ဦးကစားရာမှ ငမိုးရိပ်ချောင်းအတွင်းပြုတ်ကျရာ လက်ရှိအချိန်ထိရှာမတွေ့သေးကြောင်း သုဝဏ္ဏပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။မောင်သူထူးနိုင် အသက် ၁၂ နှစ်ဝန်းကျင်ခန့်သည် ငမိုးရိပ်တံတားအနီး သဲကွင်းနေရာတွင် ကလေးများနှင့် ကစားနေစဉ်ငမိုးရိပ်ချောင်းအတွင်းပြုတ်ကျသွားခဲ့ပြီး ရေစီးဖြင့် မျောပါသွားသည့်အတွက် ငမိုးရိပ်ချောင်းတလျှောက်နှင့် ဆက်စပ်နေရာများတွင် ည ၁၁ နာရီထိရှာဖွေခဲ့ပါတယ်။ပျောက်ဆုံးနေသူဝတ်ထားသည့် အဝတ်အစားမှာ အကျီအနက် ဘောင်းဘီအနက်ရောင်ဖြစ်သည့်အတွက် ချောင်းရိုးတစ်လျောက်တွေ့ရှိသူများအနေဖြင့်လည်း သုဝဏ္ဏပရဟိတအသင်းရုံသို့ဆက်သွယ် ပေးရန်လည်း လူမှုကွန်ရက်စာမျက်နှာတွင် အကူအညီတောင်းထားပါတယ်။


news-view-count-icon

28