ဝါရင့်နည်းပြ ဦးကြည်လွင်ကို အာရှဖလားခြေစစ်ပွဲ ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းစနစ်အကြံပေးအဖြစ် MFFမှ ခန့်အပ်လိုက်ကြောင်း သိရှိရပါတယ်။လာမည့် မတ်လ (၂၅)ရက်နေ့မှာ အာဖဂန်နစ္စတန်အသင်းနှင့် အာရှဖလားခြေစစ်ပွဲ ယှဥ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းက ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး လက်ထောက်နည်းပြများအဖြစ် ဦးအောင်ကျော်မိုး၊ ဦးမင်းသူ၊ နည်းစနစ်အကြံပေးအဖြစ် ဦးကြည်လွင်တို့က တာဝန်ယူ ကိုင်တွယ်သွားမည်ဖြစ်ပါတယ်။



