နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် မတ် ၁၅ ရက်တွင် လယ်ဝေး၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်များရှိ စာစစ်ဌာနများသို့ သွားရောက်ကာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျောင်းသားများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လုံလောက်သော အလင်းရောင်၊ မီးဘေးလုံခြုံရေး၊ စာရေးခုံ၊ ထိုင်ခုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို စစ်ဆေးကာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



