back

မန္တလေးတိုင်း ရွှေစာရံကနေဘုရားဖူးအပြန် လမ်းမှားလို့ ကားနောက်ပြန်ဆုတ်ရာမှ ကားမှောက်ပြီး လူ၅ဦးသေဆုံး

Mar 15 • 5:02 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း ရွှေစာရံကနေဘုရားဖူးအပြန် လမ်းမှားလို့ ကားနောက်ပြန်ဆုတ်ရာမှ ကားမှောက်ပြီး လူ၅ဦးသေဆုံး

မန္တလေးတိုင်း ရွှေစာရံကနေ ယနေ့မနက်ပိုင်းက ဘုရားဖူးအပြန်မှာ ကျောက်ဆည်လမ်းကို မှားယွင်းထွက် မိပြီး လမ်းမှားလို့ ကားနောက်ပြန်ဆုတ်ရာမှ ယာဉ်တိမ်းမှောက်ခဲ့တဲ့အတွက် လူ...

မန္တလေးတိုင်း ရွှေစာရံကနေ ယနေ့မနက်ပိုင်းက ဘုရားဖူးအပြန်မှာ ကျောက်ဆည်လမ်းကို မှားယွင်းထွက် မိပြီး လမ်းမှားလို့ ကားနောက်ပြန်ဆုတ်ရာမှ ယာဉ်တိမ်းမှောက်ခဲ့တဲ့အတွက် လူ၅ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ဒုဌဝတီ တံတားအကျော် တိုးဂိတ်အလွန် မီးသွေးဖုတ်ရွာအနီး စဉ့်ကိုင်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ် အစပ်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကူညီရေးတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။တိမ်းမှောက်ခဲ့တဲ့ကားသည် ပြင်ဦးလွင် မိုးကြိုးရွာမက ဘုရားဖူးသွားတဲ့ 4WDကားဖြစ်ပြီး ယာဉ်ပေါ်မှာ လူ(၁၃)ဦး လိုက်ပါစီးနင်းခဲ့တယ်လို့ သူကပြောပါတယ်။သေဆုံးခဲ့သူများတွင် အမျိုးသား လူကြီး(၁)ဦး၊အမျိုးသမီး လူကြီး(၁)ဦး၊ကလေး(၃)ဦး စုစုပေါင်း(၅)ဦး သေဆုံးခဲ့တာဖြစ်ပြီးစေတနာမွန်လူမှုကူညီရေးအသင်း (အုန်းချော) ပုသိမ်ကြီးမြို့နယ်နဲ့ သန္တိသုခလူမှု ကူညီရေးအသင်း တို့မှသွားရောက်ကူညီကယ်ဆယ်ပေးခဲ့ကြတာဖြစ်ပါတယ်။



news-view-count-icon

44