ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်း ကြောင်း များမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- မယ်ထော် သလေးနှင့် KK Park နယ်မြေများ၌ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်း လျက်ရှိရာ ယနေ့တွင် တရုတ်နိုင်ငံသား ၁၅၈ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၃ ဦး ကို ယနေ့ မတ်လ ၁၅ ရက်တွင် ထပ်မံထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရပါသည်။



