မတ်လ ၁၅ ရက်နေ့ နေလည် ၃ နာရီအချိန်ခန့်က မော်လမြိုင်မြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ အတ္ထရံတံတား(မော်လမြိုင်) စက်မှုဇုန်ဘက်ခြမ်း စစ်ဆေးရေးဂိတ်တွင် ဘားအံမြို့ဘက်မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် Light Truck အဖြူရောင် မြတ်ရတနာမင်း ခရီးသည် ကြိုပို့ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များကို PSMS စနစ် အသုံးပြု၍ Tablet ဖြင့် စစ်ဆေးခဲ့သည်။ထို့သို့ စစ်ဆေးစဉ် ယာဉ်ပေါ် လိုက်ပါလာသည့် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရီရပ်ကွက်နေ အသက် ၃၃ နှစ်အရွယ် စွမ်းပြည့်စုံဆိုသူမှာ တရားခံပြေးစာရင်းတွင် မန္တလေးမှ အလိုရှိကြောင်းတွေ့ရှိခဲ့သည်။



