back

မန္တလေးပြည်ကြီးတံခွန်မြို့နယ်တွင်ငွေကျပ်၁ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃ဝ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း ဖမ်းမိ

Mar 15 • 4:54 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးပြည်ကြီးတံခွန်မြို့နယ်တွင်ငွေကျပ်၁ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃ဝ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃ဝ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း ဖမ်းမိခဲ့ကြော...

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃ဝ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း ဖမ်းမိခဲ့ကြောင်း သိရသည်။စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ် ဆောင်ရောင်းဝယ် သူများဖြစ်ကြသည့် တင်ဝင်း အား ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ် ကွက်၊ ၁၃၉(B)လမ်း၊ ၆၂ x ၆၃ လမ်းကြားတွင်လည်းကောင်း၊ မသီရိဒုံ နှင့် မဝါဝါစိုး တို့အား မကွေးတိုင်းဒေ သကြီး၊ မင်းဘူးမြို့နယ်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။



news-view-count-icon

17