အာရှဖလားခြေစစ်ပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ပဏာမမြန်မာလက့်ရွေးစင်အသင်းသည် မတ်လ ( ၁၄ ) ရက်နေ့က ပဏာမ မြန်မာယူ ( ၂၂ ) အသင်းနှင့် လေ့ကျင့်ရေးခြေစမ်းပွဲ ကစားခဲ့ကြပြီးအဆိုပါခြေစမ်းပွဲမှာ ပဏာမမြန်မာ့လက်ရွေးစင်က သန်းတိုးအောင် ( အားကာသိပ္ပံ ) ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ခြေစမ်းပွဲကစားခဲ့တဲ့ ပဏာမလက်ရွေးစင်အသင်းတွင် ရှမ်းယူနိုက်တက်အသင်းမှ ရွေးချယ်ခံကစားသမားများနှင့် ပြည်ပရောက် မြန်မာကစားသမားများ ပါဝင်ခြင်းမရှိဘဲ ပြည်တွင်းကစားသမား များနှင့် သာ ယှဉ်ပြိုင်သွားခဲ့ကြောင်း သိရှိရပါသည်။ပဏာမမြန်မာ့လက်ရွေးစင်အသင်းဟာ လာမယ့် မတ်လ ( ၁၈ ) ရက်နေ့မှာလည်း MNL All star အသင်းနှင့် ခြေစမ်းပွဲထပ်မံယှဉ်ပြိုင်သွားမှာ ဖြစ်ပြီးမတ်လ ( ၂၅ ) ရက်နေ့မှာတော့ အာဖဂန်နစ္စတန်အသင်းနှင့် အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ကြောင်း သိရပါသည်။



