ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါ-လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဥ့်အင်တံတားအနီး အသစ်တည်ဆောက်ထားသည့် ကွန်ကရစ်တံတားမှာ ယမန်နေ့ကပြိုကျမည့် အခြေအနေဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။လက်ရှိ စဉ်အင်ဖောင်ဆိပ်တွင် တန်းစီပိတ်ဆို့နေသည့် ယာဉ်စီးရေ များပြားနေပြီး၊ အချိန်လုသွားလာရသည့် ယာဉ်များအနေဖြင့် ကုံးမုံ-နမ္မလမ်းနှင့် လားရှိုး-အီနိုင်း-မန်စံ-မိုးတေ -သီပေါလမ်းတို့ကို ရွေးချယ်သွားလာနေကြကြောင်း ဆို သ ည်။ထို့ကြောင့် ကွင်းလမ်းများမှ သွားလာနေရသည့် ဒေသတွင်းခရီးသွားများမှ ငွေ ကုန်ကြေးကျများခြင်း၊ အချိန်ကြန့် ကြာခြင်းများရှိနေသဖြင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန် ဆန္ဒရှိနေကြကြောင်း သိရသ ည်။



