ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်၊မကွေး၏ (၁၆)ကြိမ်၊ (၁၇)ကြိမ်နှင့် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကိုမတ်လ(၁၅)ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်၌ ဆေးတက္ကသိုလ်၊မကွေး ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ ပါသည်။(၁၆)ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားတွင် ပါရဂူဘွဲ့(၄)ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့(၄၄)ဦး၊ ဆေးပညာဘွဲ့(၂၅)ဦး၊ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါရဂူဘွဲ့(၁)ဦး၊ ဆေးပညာဘွဲ့(၄၅)ဦး၊ (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဆေးပညာမဟာသိပ္ပံဘွဲ့ (၁၇)ဦး၊ ဆေးပညာဘွဲ့ (၉၀)ဦး၊ စုစုပေါင်း ပါရဂူဘွဲ့(၅)ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့(၆၁)ဦး၊ ဆေးပညာဘွဲ့ (၁၆၀)ဦး တို့အား ဘွဲ့အပ်နှင်းချီးမြှင့် ပေးအပ်ခဲ့ပါသည်။ ယခုဘွဲ့နှင်းသဘင် အပါအဝင် ဆေးတက္ကသိုလ်၊မကွေးမှ မွေးထုတ်ပေး လိုက်သည့် ဆရာဝန်ပေါင်း (၄၉၇၅)ဦးရှိခဲ့ပြီး ပါရဂူဘွဲ့ (၁၅)ဦး၊ ဆေးပညာမဟာသိပ္ပံ (၃၅၄)ဦး တို့ကိုလည်း အောင်မြင်စွာ လေ့ကျင့် ပျိုးထောင် ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။



