ပြည်တွင်းရှိဓာတ်သတ္တု(ရွှေ) ရောင်းဝယ်တဲ့ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်တာတွေကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်ကနေ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ သတ်မှတ်ကာလ ၃လ လုပ်ငန်းလိုင်စင်အပြီး လျှောက်ထားဖို့ကို သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနက အသိပေး ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး၊လက်ရှိမှာ သတ်မှတ်ကာလ ၃ လပြည့်ပြီ ဖြစ်တဲ့အတွက် လျှောက်ထားခြင်း မရှိတဲ့ ဆိုင်တွေကို ကွင်းဆင်းစစ်ဆေးသွားမှာဖြစ်ပါတယ်။သတ်မှတ်ကာလ ပြည့်ပြီဖြစ်တဲ့အတွက် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားတာမရှိတဲ့ဆိုင်တွေကို ကွင်းဆင်းစစ်ဆေးသွားမယ်လို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကသိရပါတယ်။လက်ရှိ လုပ်ငန်းလိုင်စင်လျှောက်ထားမှုအနေနဲ့ သတ်မှတ်ကာလ ၃ လပြည့်မြောက်တဲ့ ဖေဖော်ဝါရီ ၁၇ရက် အထိ လျောက်ထားမှု အနေနဲ့ ပုံစံ ၁ ၊ ၂၀၈ စောင်နဲ့ ပုံစံ ၂ ၊ ၄၅၅၀ စောင် ၊ စုစုပေါင်း ၄၇၅၀ စောင်ဖြစ်တယ်လို့သိရပါတယ်။
ပြည်တွင်းရှိဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားတာမရှိတဲ့ဆိုင်တွေ ကွင်းဆင်းစစ်ဆေးတော့မည်
Mar 15 • 6:06 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


