အမေရိကန်ဟာ ဒေါ်နယ်ထရန့် ပထမအကြိမ် သမ္မတသက်တမ်းမှာ ချမှတ်ခဲ့တဲ့ ကန့်သတ်ချက်တွေထက် ပိုမိုကျယ်ပြန့်မယ့် အစီအစဉ်အဖြစ် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ နိုင်ငံသားတွေကို အမေရိကန်ကို ဝင်ရောက်ခွင့် တားမြစ်ဖို့ စဉ်းစားနေပြီးသံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ ရေးဆွဲထားတဲ့ အကြံပြုချက်စာရင်းမှာ အမေရိကန်ကို ဝင်ရောက်ခွင့် လုံး၀ကန့်သတ်ထားတဲ့ အနီရောင်စာရင်းမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံထိ ပါဝင်နေပြီး အာဖဂန်နစ္စတန်၊ ဘူတန်၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ ယီမင်တို့ ဖြစ်ပြီးမူကြမ်းမှ ခရီးသွားလာမှုကို အလုံးစုံပိတ်ပင်ခြင်းမဟုတ်ပေမယ့် ကန့်သတ်မှုအချို့ထားမည့်၁၀ နိုင်ငံကတော့ လိမ္မော်ရောင်စာရင်းမှာ ပါဝင်နေပါတယ်။
ဒီနိုင်ငံသားတွေဟာ ပြည်ဝင်ခွင့်ရရှိဖို့အတွက် မဖြစ်မနေ လူကိုယ်တိုင် အင်တာဗျူးခံရမှာဖြစ်ပြီး ဘီလာရုစ်၊ အီရီထရီးယား၊ ဟေတီ၊ လာအို၊ မြန်မာ၊ ပါကစ္စတန်၊ ရုရှား၊ ဆီရာလီယွန်၊ တောင်ဆူဒန်၊ တာ့ခ်မင်နစ္စတန် နိုင်ငံတို့ ဖြစ်ပါတယ်။ 


