မတ်လ (၁၄)ရက်၊ ည (၉)နာရီအချိန်ခန့်က
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်း မီးပွိုင့်လမ်းဆုံအနီး အိမ်စီးကား နှစ်စီးတို့ တိုက်မိမှုဖြစ်ပွားရာ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ မြို့ခံများထံမှ သိရပါတယ်။အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းအား လိုအပ်သည့် မြေပြင် ဆေးကုသမှုများ ပြုလုပ်ပေးကာ လင်းလက် လူမူကူညီရေးအသင်း၏ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ရန်ကုန်ုပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။


