ဂျပန်နိုင်ငံအနေနဲ့ နည်းပညာအလုပ်သင်သင်တန်းအစီအစဉ်နဲ့ မြန်မာနိုင်ငံက နည်းပညာ အလုပ်သင် သင်တန်းသားတွေ ခေါ်ယူနေတဲ့ လုပ်ငန်းအမျိုးအစားများနဲ့စပ်လျဉ်းပြီး Organization for Technical Intern Training (OTIT ) က လုပ်ငန်းအမျိုးအစားသစ်ကို အကြောင်းကြားလာတာဖြစ်ပါတယ်။ဂျပန်နိုင်ငံ အလုပ်အကိုင်အတွက်နည်းပညာအလုပ်သင်သင်တန်းအစီအစဉ်နဲ့ လာရောက်လုပ်ကိုင်မယ့်သူတွေကိုLaundry လုပ်ငန်းအမျိုးအစားသစ်ထပ်မံဖြည့်စွက်ခေါ်ယူသွားမယ်လို့ မြန်မာသံရုံး၊ တိုကျိုမြို့ကသိရပါတယ်။လုပ်ငန်းနယ်ပယ်အမှတ်စဉ် ၇ ၊ Others ရဲ့ အောက်တမှာ Code No. 7-14-2 နဲ့ Laundry ကို လုပ်ငန်းအမျိုးအစားအသစ်အဖြစ် ထပ်မံဖြည့်စွက်ထားတာဖြစ်ပြီးဆောင်ရွက်ရ မည့်လုပ်ငန်းတာဝန်မှာ Laundry Work for General Households ဖြစ်ပါတယ်။နည်းပညာအလုပ်သင်သင်တန်းအစီအစဉ်နဲ့ လာရောက်လုပ်ကိုင်နိုင်မယ့် လုပ်ငန်းအမျိုးအစားတွေပြင်ဆင်၊ ဖြည့်စွက်ထားတဲ့အပေါ် သိနိုင်ဖို့ သံရုံး က မတ်လ ၁၄ ရက်မှာ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သတ်မှတ်ချက်တွေကိုဖော်ပြပေးတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံ အလုပ်အကိုင်အတွက် မြန်မာမှနည်းပညာအလုပ်သင်Laundry လုပ်ငန်းအမျိုးအစားသစ်ထပ်မံဖြည့်စွက်ခေါ်ယူမည်
Mar 15 • 4:00 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


