၂၀၂၄ ခုနှစ် နောက်ပိုင်းတွင် နေရောင်ခြည် စွမ်းအင်သုံးဆိုလာနည်းပညာဖြင့် လျှပ်စစ်ထုတ်ယူခြင်းမှာ ပိုမိုအဆင့်မြင့်လာ၍ အိမ်တစ်အိမ်တွင် 6 KW နေရောင်ခြည်လျှပ်စစ်သုံး လျှပ်စစ်ပါဝါကို တပ်ဆင်ပါက (၁) 200 AH (Ampere Hour) မှ 300 AH အထိ ရှိသော LiFe Po 4 – battery 51.2 DCV ဘက်ထရီတစ်လုံး၊ (၂) 6.2 KW Solar Hybrid Inverter with Internet Monitoring Wifi Device IP 20 အမျိုးအစားတစ်စုံနှင့် (၃) ဝပ် ၅၀၀ မှ ၇၀၀ အထိ အမျိုးအစားမျိုးစုံရှိသော ဆိုလာပြားများ လိုအပ်ပါသည်။ယခုအခါတွင် လျှပ်စစ်မီးမရရှိနိုင်သေးသည့် တချို့ကျေးလက်ဒေသများတွင် မြေအောက်မှရေများ၊ မြစ်များ၊ ချောင်းများမှ ရေများကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ၊ ဆိုလာအင်ဗတ်တာ (Solar Pumping Inverter) များကို အသုံးပြုကာ ရေတင်ပြီး စိုက်ပျိုးရေးအတွက် အသုံးပြုနေပါပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် နေရောင်ခြည်စွမ်းအင်ကို တစ်ဖက်တစ်လမ်းမှ လက်တွေ့အသုံးချနေခြင်းဖြစ်ရာ စက်ရုံ၊ အလုပ်ရုံများစွာရှိသော စက်မှုဇုန်များတွင်လည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူအသုံးချနေကြပြီးကမ္ဘာ့နိုင်ငံအသီးသီးတွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုအနည်းဆုံး စွမ်းအင်ဖြစ်သည့်အပြင် သဘာဝမှလက်ဆောင်ပေးထားသော နေရောင်ခြည်စွမ်းအင်ကို လက်တွေ့အသုံးချကာ စက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဟိုတယ်များ၊ စက်မှုဇုန်များနှင့် အိမ်များတွင် လက်တွေ့အကျိုးရှိစွာ တပ်ဆင်နေကြပြီး နိုင်ငံတော်မှလည်း လိုအပ်သည်များကို ပံ့ပိုးကူညီပေးနေကာ နေရောင်ခြည်စွမ်းအင်ဖြင့် ခေတ်မီလျှပ်စစ်စွမ်းအင်ကို ထုတ်ယူအသုံးပြုကြပါရန် တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံပြည်တွင်းတွင် နေရောင်ခြည်စွမ်းအင် (Solar Energy) သုံးနည်းပညာဖြင့် လျှပ်စစ်ထုတ်လုပ်ရန်တိုက်တွန်း
Mar 15 • 1:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


