back

ဂျပန်ဗီဇာ အွန်လိုင်းဘိုကင်စနစ်နှင့် ဧပြီ ၁ ရက်တွင် စတင်လျှောက်ထားနိုင်

Mar 14 • 2:37 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဂျပန်ဗီဇာ အွန်လိုင်းဘိုကင်စနစ်နှင့် ဧပြီ ၁ ရက်တွင် စတင်လျှောက်ထားနိုင်

ဂျပန်ဗီဇာလျှောက်ထားသူဦးရေ ဆက်လက်များပြားနေတာကြောင့် တစ်ဦးချင်းဗီဇာလျှောက်ထားတာတွေ အွန်လိုင်း ဘိုကင်စနစ်သစ်နဲ့သာ ဧပြီ ၁ ရက်မှာ စတင်လျှောက်ထားနိုင်တယ်လို ဂျပန်သံရ...

ဂျပန်ဗီဇာလျှောက်ထားသူဦးရေ ဆက်လက်များပြားနေတာကြောင့် တစ်ဦးချင်းဗီဇာလျှောက်ထားတာတွေ အွန်လိုင်း ဘိုကင်စနစ်သစ်နဲ့သာ ဧပြီ ၁ ရက်မှာ စတင်လျှောက်ထားနိုင်တယ်လို ဂျပန်သံရုံးက မတ် ၁၄ ရက်မှာ အသိပေးထုတ်ပြန်ထားပြီးဂျပန်သံရုံးမှာ ဗီဇာလျှောက်ထားရာမှာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ လျှောက်ထားသူ အားလုံးဆီက ပူးပေါင်းကူညီမှုရရှိပေမဲ့ လျှောက်ထားသူ အရေအတွက် များပြားနေဆဲလို့လည်း ထုတ်ပြန်ချက်မှာ မြန်မာဘာသာနဲ့ ရေးသားထားကြောင်း သိရပါသည်။တဦးချင်း ဗီဇာလျှောက်ထားသူတွေအနေနဲ့ အွန်လိုင်းဘိုကင်ကို ကြိုတင်ရယူပြီးမှသာ လျှောက်ထားနိုင်မှာဖြစ်လို့ ဧပြီလ ၁ ရက်စတင်ပြီး Facebook၊ Telegramနဲ့ ဂျပန်သံရုံးအင်တာနက်စာမျက်နှာတွေမှာ ဖော်ပြပေးမယ့် URL (https://mm-emb-japan.revn.jp/?label=9) ကို အသုံးပြုလုပ်ဆောင်ရမှာလို့ သိရပါသည်။သိရှိလိုတဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ တယ်လီဖုန်းအမှတ် (၉၅-၀၁-၅၄၉၆၄၄-၈) ၊ အီးမေးလ် ryoji@yn.mofa.go.jp ဆီ ဆက်သွယ်‌မေးမြန်းနိုင်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါသည်။



news-view-count-icon

15