ပြည်ပနိုင်ငံအသီးသီးနဲ့ ဆိပ်ကမ်းအသီးသီးရဲ့သင်္ဘောတွေပေါ်မှာ တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရတဲ့ သင်္ဘောသားတွေရဲ့ မိသားစုတွေအနေနဲ့ ဘယ်နိုင်ငံ ဘယ်ဆိပ်ကမ်းမှာ ထိန်းသိမ်းခံထားရပြီး မိခင်နိုင်ငံကိုပြန်လာဖို့ အခက်ကြုံတွေ့နေရတာ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရတာ စတာတွေကြောင့်မြန်မာနိုင်ငံကိုပြန်လာဖို့ အခက်အခဲကြုံတွေ့နေရတဲ့ သင်္ဘောသားတွေကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) က ကူညီပေးနေတယ်လို့ သိရပါသည်။မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်ကြုံနေရတဲ့ မြန်မာသင်္ဘောသား မိသားစုတွေအနေနဲ့ သင်္ဘောသားအမည် ၊ CDC နံပါတ် ၊ Passport နံပါတ် ၊ သင်္ဘောအချက်အလက်၊ မြန်မာနိုင်ငံမှာရှိတဲ့ ဒေသခံကိုယ်စားလှယ်အမည်နဲ့ ရုံးလိပ်စာ ၊ နိုင်ငံခြားမှာရှိတဲ့ သင်္ဘောပိုင်ရှင်အမည်နဲ့ ရုံးလိပ်စာတွေကို MSF ကို တင်ပြရမှာဖြစ်ပါသည်။



