၂၀၂၅ မတ်လ ၁၄ ရက်၊ မွန်းတည့် ၁၂:၀၀ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖုရားလမ်း တွင် ကိုင်းတောမီးလောင်မှု ဖြစ်ပွားခဲ့သည်။မီးသတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်း၊ စက်မှုဇုန်မီးသတ်စခန်း၊ လှော်ကားနယ်မြေမီးသတ်စခန်း တို့မှ မီးသတ်ယာဉ် (၅)စီး ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ၁၂:၂၆ နာရီ တွင် မီးငြှိမ်းနိုင်ခဲ့သည်။



