မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ် (၅) ရပ်ကွက် (ခ) ကွင်း (၂) လမ်း တွင် ၂၀၂၅ မတ်လ ၁၄ ရက် မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၈ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။မီးလောင်မှုဖြစ်ရခြင်းအကြောင်းရင်းနှင့် လူပျောက်၊ ထိခိုက်မှုများ ရှိမရှိကို မီးသတ်နှင့် သက်ဆိုင်ရာ အာဏာပိုင်များမှ ဆက်လက်စုံစမ်းနေသည်။



